ပန်းငွေသဇင် ဆင်ယဉ်ရန်ပ
ခက်လှပါသေး သြော်ပန်းကလေး
ချူချင်သူများ တကယ်များလှ
တော်ဝင်သည့်ပန်း နန်းနန်းထက်ဝယ်
ပျော်စံလို့ သာ သာယာနေသည်။
လေညှင်းဆော်သွေး သဇင်လေးက
သင်းတစ်မြမြ ဆင်းရနံ့ ကြွယ်
အဖော်ဝေးသူ ဆွေးပူစေတော့
လွမ်းရပေါ့ကွယ်။
မှန်းဆမိသည် တိုင်းရွှေပြည်ဆီ
အဖော်များရယ် ပျော်နေလားကွယ်
အိမ်ဝေးသူမယ် မှိုင်ငေးလို့ သာ
ဆွေးရတော့သည်။
No comments:
Post a Comment