Blogger Widgets

စာ

 photo JerryAni_zpsab17c18d.gifဘုရား၊တရား၊သံဃာ၊မိဘဆရာတို့ ကိုဦးထိပ်ထားလျက်ကျနော်ဝါသနာအရရေးသားသော photo JerryAni_zpsab17c18d.gifကိုတိုင်ရေးကဗျာများ photo JerryAni_zpsab17c18d.gifဆောင်းပါး photo JerryAni_zpsab17c18d.gifနည်းပညာ photo JerryAni_zpsab17c18d.gifဟာသ photo JerryAni_zpsab17c18d.gifပုံလှလှလေး photo JerryAni_zpsab17c18d.gifစာအုပ်စဉ် photo JerryAni_zpsab17c18d.gifflash songနားဆင်ရန် photo JerryAni_zpsab17c18d.gifကဗျာအကြောင်းလေ့လာရန် photo JerryAni_zpsab17c18d.gifcssကုတ်များ photo JerryAni_zpsab17c18d.gifရသ photo JerryAni_zpsab17c18d.gifစာပေတွေဖတ်ရှုသူအားလုံးကိုကျေးဇူးအထူးတင်လျက်.....ညီညွတ်ညိန်း

ကာလာ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday 25 January 2013

***ပန်းပျိုးလက်များသို့ **......


 

အနန္တဂုဏ်အင်၊ကျေးဇူးရှင်မို့ 
မြတ်နိုးပါ၏။
သန္ဓေလွယ်စ၊ရင်သွေးကစ
ယုယကြပေ။
ပူငံစပ်ခါး၊ရှောင်ရှားခါရယ်
ဝမ်းတွင်းလွယ်လျက်။
နေ့ စဉ်ရင်ဆက်၊ကြင်နာလျက်သာ
ကျော်ဖြတ်လေ၏။
ရက်တွေကျော်ဖြတ်၊ လတွေလွန်သော်
ဆယ်လတွင်းဝယ်၊သေမင်းနှင့်ယှဉ်
အားခြင်းပြိုင်လို့ ၊စစ်ခင်လေပြီ။
သူနိုင်ကိုယ်နိုင်၊ယှဉ်ပြိုင်လို့ သာ
ဝမ်းတွင်းသက်ဆင်း၊အူဝဲငိုသံ
စူစူညံညံ၊အသံစာစာ
ကြားရသောခါ၊ဝေဒနာတွေ
လွင်ကာကြေ၏။
ငယ်စဉ်တောင်ကျေး၊ကလေးဘဝ
ကျွေးမွေးယုယ၊ပြုစုပျိုးထောင်
လောကဘောင်တွင်း၊တင့်တယ်စေခြင်း
ပညာတော်သင်၊ကျောင်းတော်ကိုလည်း
အပ်နှင်းခဲ့ပေ ။
လူလားမြောက်ပြန်၊ထိမ်းမြားလက်ထပ်
အပ်ခါပေးသည်။
အတောင်စုံကာ၊ခွဲကာခွာသွား
ဝေးရာဆီကို၊မိဘရိပ်မြုံ
နွေးထွေးလုံခြုံ၊ခြေစုံကန်သွား
မေ့ကာထားပြီး၊ဘဝကြီးမှာ
မျိုးစုံဒုက္ခ၊ကြုံလာသောချိန်
မိဘအိမ်သို့ ၊ဝင်ခိုလာသည်။
သို့ သော်မိဘ၊အပြစ်မယူ
မပူစေရ၊။
၊အေးမြစေဟု
မေတ္တာထုကို၊ယုယဖော်ထုတ်
ရင်အုပ်မကွာ၊စောင့်ရှောက်ရှာပေ
ကြီးမားလှပေ၊မေတ္တာတွေ
ပေးဆပ်မကုန်ကမ္ဘာတည်ပေ။



ၸၸၸ


No comments:

Post a Comment