!-မောင်(စွယ်စုံကျမ်း)-http:>
စာ
ကာလာ
Saturday 19 January 2013
***ခွာညိုပန်းတွေပွင့်ပြီလေ**.....
ဆောင်းလပြာသိုလ်၊ခွာညိုပန်းတွေ
ခိုင်ပင်မင်းထက်၊ကြိုင်လှိုင်ကာမွှေး
လေပြေဆော်သွေး၊ရနံ့ လေးကြွယ်
လှနေရက်ပြီ။
ခွာညိုပွင့်ရင်၊ကေသာထက်ဝယ်
ဆင်ယဉ်ခြင်ပေ၊ပြောခဲ့လေသေိာ
ညိုညာပြောချော၊အခုတော့ကွယ်
ဘယ်ဆီဘယ်ဝယ်၊ပုန်းရှောင်နေလဲ
ဖုန်းမောင်သက်လည်ရူးပြီကွယ်။
ပုန်းကာရှောင်ကာ၊မနေပါနဲ့ 
ရောက်ရာအရပ်၊ပြေးလာလှည့်တော့
သက်ထားပျိုရေ။
ခွာညိုနဲ့ အတူမျော်သူ
နွမ်းလျခန္ဓာ၊ညှိုးရှာလို့ ရယ်
ပါးပြင်ထက်ဝယ်၊မျက်ရည်ကြွယ်ကြွယ်
စိမ့်စမ်းရေနှယ်၊ပိတ်ပယ်တားဆီး
မျက်လွှာလေးမှာ၊နာကျင်ရှာပြီ
ချစ်သဒ္ဒါပို၊မျက်ရည်စိုစေ
ကျိန်စာပြုခဲ့တာလားကွယ်။
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment