ကြည့်ရုံမြင်ရုံ အဆိပ်တက်သမို့ 
သိပ်ခက်သဟဲ့ ကြည့်ဖို့ ကို
စိတ်ပျက်သကွယ် ထိဖို့ ဆိုလျှင်
အမိတို့ လိုမြွေမျိုး။
နှာခေါင်းလေ အမှုတ်ခံလျှင်
တမုဟုတ်အမြန် သေတက်ပါသဗျိုး။
ကိုက်များကိုက်က ငိုက်ဆိုက်နေပြီ
ကတိုက်ကရိုက်သေမည် အမှန်ဆိုး
မိုက်မိုက်ပွေလီ ဥာဏ်သူခိုးဖြင့်
ကြံဆိုးကြံနှင့် အသင့်ရှောင်။
"အသူဘ"ခေါ် ဆေးတော်ကြီး
မနှေးဖော်ပြီး သုံးစွဲပါလေအမောင်။
ငါတို့ ဘုရားအလောင်းတော်တောင်ပင်
ကြောင်းမလျှော်ပေါင် မိဖုရားနှင့်
ကြည်ဖွားသဖြင့် အသင့်ဥာဏ်တွေပြယ်
အကျင့်ဈာန်တွေကွယ်
မြွေအမျိုးကြောင့်တန်ခိုးပြယ်လျှင်
အမျိုးနွယ်မှိန်တတ်ပါသတဲ့လေး။
အရှင်ဇနကာဘိဝံသ ရေးသားသောတေးထပ်ကဗျာလေးပါ
ပြန်လည်ဖော်ပြပေးခြင်းပါ
No comments:
Post a Comment