ညင်သာဆိုစကား
နုတ်ချိုစွာ
စလာသူရေ...
မင်္ဂလာပါလို့
စကားတွေပြော
သူအပြောဝယ်
နစ်မျောလို့ရယ်...
မြင်ပါတွေ့တာ
နေ့ရက်ကြာ
သမုဒယသံယောဇဉ်
နှောင်ဖွဲ့လို့ချည်...
တစ်နေ့မလာ
စိတ်မရွှင်
နွမ်းလျဘဝင်
မှိုင်လို့သာမျက်နှာငယ်...
ချစ်ခွန်းဖွဲ့သီ
ပျော်မြူးနေလျှင်
အတော်ရက်စက်
ကွန်နက်ရှင်ကြောင့်
ချစ်ရည်မဝ
နေ့စဉ်လူးနေရ...
လေလှိုင်းချစ်သူရေ
နေ့တိုင်းတွေ့ချင်တယ်နော်...
တစ်ကယ်တွေးရင်
လေလှိုင်းလေထဲ
ဆုံရတာမို့
မြူခိုးပမာ
လွင့်ပြယ်သွားမှာ
စိုးရိမ်မိတယ်နော်...
***စံလွန်းတင်**
နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ
No comments:
Post a Comment