
သစ်ရိုင်းတစ်ခု
မြင်သူရှုအောင်
သူလက်သံပြောင်
ယမင်းရုပ်အသွင်
အလှဆင်...
ပီသလက်ရာ
ညီမျှပါသော်လည်း
တစ်နေ့ ဝမ်းစာ
မလောက်ငှရှာ...
ရောင်နီအစ
လက်တစ်လှုပ်လှုပ်
မနားမနေကြိုးစား
ဆူးကြားကဗူးခါးပမာ
မတိုးပွားပါလား
ဆိုးလိုက်သည့်
ကံတရား...

နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ
No comments:
Post a Comment