နုနုငယ်ငယ်
အလှသွေးကြွယ်
ငှက်ငယ်လေးရယ်...
မာယာတောဝယ်
ပျံ့သန်းဖို့ရွယ်
ကြုံလာအခက်ခဲ
မျက်ရည်မဝဲ
ဖြတ်ကျော်နင်းလျှောက်
ပန်းတိုင်ရောက်
အလှငှက်ငယ်
ဖြစ်ပါစေကွယ်...
ရောင်စုံဆန်းပြား
မာယာတွေကြား
အသိမဆင်
ဥာဏ်မမြင်
ပျော်ပါးနေလျှင်
မျက်ရည်မိုးစွေ
သောကရက်တွေ
လက်ရေချိုးတွက်
ရေတွက်ရန်ခက်မည်...
***စံလွန်းတင်**
နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ
No comments:
Post a Comment