ဟိုတောင်ဆီဝယ်
ညိုမှောင်ချယ်
တိမ်ညိုရစ်သိုင်းကာရယ်...
ရှစ်တိုင်းတစ်ခွင်
အလှဆင်
မိုးနတ်ရှင်ဖန်ဆင်းတော့တယ်...
ပုန်းညက်ကယ်
ခိုင်ပင်မင်း
ရနံ့တစ်သင်းသင်း...
ပန်းပေါင်းစုံညီ
လရာသီ
စာသီဖွဲ့လို့မမှီ...
မြိုင်တောယံဝယ်
ပျော်မွေ့ဖွယ်
ဌာနေကိုမျှော်တွေး
ဆွေးစိတ်ရင်ဝယ်
တစ်လိမ့်လိမ့်
တက်လာပါတယ်...
ရွှေပြည်တော်
မျှော်လေဝေးနေတာမို့
တမ်းတစိတ်ကို
မျိုသိပ်ခါရယ်
မိုးနဲ့အတူငိုမယ်...
***စံလွန်းတင်**
နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ
ညိုမှောင်ချယ်
တိမ်ညိုရစ်သိုင်းကာရယ်...
ရှစ်တိုင်းတစ်ခွင်
အလှဆင်
မိုးနတ်ရှင်ဖန်ဆင်းတော့တယ်...
ပုန်းညက်ကယ်
ခိုင်ပင်မင်း
ရနံ့တစ်သင်းသင်း...
ပန်းပေါင်းစုံညီ
လရာသီ
စာသီဖွဲ့လို့မမှီ...
မြိုင်တောယံဝယ်
ပျော်မွေ့ဖွယ်
ဌာနေကိုမျှော်တွေး
ဆွေးစိတ်ရင်ဝယ်
တစ်လိမ့်လိမ့်
တက်လာပါတယ်...
ရွှေပြည်တော်
မျှော်လေဝေးနေတာမို့
တမ်းတစိတ်ကို
မျိုသိပ်ခါရယ်
မိုးနဲ့အတူငိုမယ်...
***စံလွန်းတင်**
နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ
No comments:
Post a Comment