မင်းနုတ်ခမ်းပေါ်က
ဆည်းဆာတွေ ကိုယ်သိမ်းထားလိုက်မယ်
ကြယ်တွေခိုးပြီး
နမ်းမှာစိုးလို့
ခုန်ချလိုက်တော့
လရောင်ထဲ
ဘယ်သူတွေ
အသည်းကွဲဖူးလို့လဲကွယ်...
ညအမှောင်ယံ
မင်းပါးလေးပေါ်
ဖြတ်နမ်းသွားတဲ့
လေပြေလေညှင်းလေးတောင်
ကိုယ်မနာလိုဘူးကွယ်...
စိတ်မချတာမဟုတ်ဘူးနော်
သိပ်လှတဲ့မင်းကို
အရမ်းချစ်လွန်းလို့ပါ...
နှလုံးသားတစုံရှိတဲ့
ကိုယ်ရင်ခွင်ဟာ
မင်းအတွက်ထာဝရပါ...
ပကာသနမပါတဲ့
ချစ်ခြင်းမေတ္တာတွေနဲ့ပေါ့
မင်းအပေါ်ထားတဲ့
အကြင်နာတွေ
လစ်လပ်ခဲ့မယ်ဆိုရင်
အချစ်တွက်နဲ့အသက်ပင်
သေစေ.....
မင်းပစ်လွှတ်မဲ့မြှားတစ်စင်းက
ကိုရင်ဖောက်ထွင်း
သွေးမြေစွန်းပါစေ.....
နှစ်ဖြာသုခချမ်းသာကြပါစေ.........ခေတ်သစ်မင်းနန္ဒာ
ဆည်းဆာတွေ ကိုယ်သိမ်းထားလိုက်မယ်
ကြယ်တွေခိုးပြီး
နမ်းမှာစိုးလို့
ခုန်ချလိုက်တော့
လရောင်ထဲ
ဘယ်သူတွေ
အသည်းကွဲဖူးလို့လဲကွယ်...
ညအမှောင်ယံ
မင်းပါးလေးပေါ်
ဖြတ်နမ်းသွားတဲ့
လေပြေလေညှင်းလေးတောင်
ကိုယ်မနာလိုဘူးကွယ်...
စိတ်မချတာမဟုတ်ဘူးနော်
သိပ်လှတဲ့မင်းကို
အရမ်းချစ်လွန်းလို့ပါ...
နှလုံးသားတစုံရှိတဲ့
ကိုယ်ရင်ခွင်ဟာ
မင်းအတွက်ထာဝရပါ...
ပကာသနမပါတဲ့
ချစ်ခြင်းမေတ္တာတွေနဲ့ပေါ့
မင်းအပေါ်ထားတဲ့
အကြင်နာတွေ
လစ်လပ်ခဲ့မယ်ဆိုရင်
အချစ်တွက်နဲ့အသက်ပင်
သေစေ.....
မင်းပစ်လွှတ်မဲ့မြှားတစ်စင်းက
ကိုရင်ဖောက်ထွင်း
သွေးမြေစွန်းပါစေ.....
နှစ်ဖြာသုခချမ်းသာကြပါစေ.........ခေတ်သစ်မင်းနန္ဒာ
No comments:
Post a Comment