လူသမိုင်းကိုထုဆစ်ထားတဲ့
မြစ်ငါးသွယ်ထဲ
သက္ကရာဇ်တွေ
အုပ်စုဖွဲ့စီးဆင်း
အတ္ထုပ္ပတ္တိမှည့်
အချစ်တွေနဲ့
သွေးအရင်းဆုံးနှလုံးသား
ကကြိုးတစုံနဲ့အတူ
ရင်ခုန်သံတွေကသာ
သံသရာအိုးအိမ်တည်ခဲ့တာပါ.....
ချစ်သူရဲ့
သေရာပါအနမ်းနဲ့
ဘဝကိုအခမ်းနားဆုံး
တည်ဆောက်
စိန်းလန်းခြင်းသာ
သောက်သုံးတဲ့စကားပျိုးခင်းထဲ
လမင်းအမြဲသာခဲ့တယ်နော်.....
စောင့်နေနှင့်တော့ချစ်သူ
ဆောင်းရာသီအမှီ
လှမ်းခဲ့မည်...
ရာစုသစ်အလီလီပြောင်းလဲ
မပြောင်းလဲပဲသုံးစွဲလာတာ
အချစ်ဆိုတဲ့စကားလုံးနော်....
တို့ရာစုသစ်နဲ့အညီ
ချစ်ကြည့်ချင်သည်
ကြည်ဖြူမှာလားခင်...
ဟိုး.....အရင်ကလူတွေချစ်ကြသလို
တို့တွေချစ်ကြမယ်
အပြစ်ဆိုတာမမြင်ပဲ
ရာစုသစ်ချစ်ကြမယ်နော်.....
နှစ်ဖြာသုခချမ်းသာကြပါစေ.........ခေတ်သစ်မင်းနန္ဒာ
မြစ်ငါးသွယ်ထဲ
သက္ကရာဇ်တွေ
အုပ်စုဖွဲ့စီးဆင်း
အတ္ထုပ္ပတ္တိမှည့်
အချစ်တွေနဲ့
သွေးအရင်းဆုံးနှလုံးသား
ကကြိုးတစုံနဲ့အတူ
ရင်ခုန်သံတွေကသာ
သံသရာအိုးအိမ်တည်ခဲ့တာပါ.....
ချစ်သူရဲ့
သေရာပါအနမ်းနဲ့
ဘဝကိုအခမ်းနားဆုံး
တည်ဆောက်
စိန်းလန်းခြင်းသာ
သောက်သုံးတဲ့စကားပျိုးခင်းထဲ
လမင်းအမြဲသာခဲ့တယ်နော်.....
စောင့်နေနှင့်တော့ချစ်သူ
ဆောင်းရာသီအမှီ
လှမ်းခဲ့မည်...
ရာစုသစ်အလီလီပြောင်းလဲ
မပြောင်းလဲပဲသုံးစွဲလာတာ
အချစ်ဆိုတဲ့စကားလုံးနော်....
တို့ရာစုသစ်နဲ့အညီ
ချစ်ကြည့်ချင်သည်
ကြည်ဖြူမှာလားခင်...
ဟိုး.....အရင်ကလူတွေချစ်ကြသလို
တို့တွေချစ်ကြမယ်
အပြစ်ဆိုတာမမြင်ပဲ
ရာစုသစ်ချစ်ကြမယ်နော်.....
နှစ်ဖြာသုခချမ်းသာကြပါစေ.........ခေတ်သစ်မင်းနန္ဒာ
No comments:
Post a Comment