ရတုစပ်နည်း”
ရတုဆိုတာသဘင်အခမ်းအနားအခြေအနေလိ
ု့အဓိပ္ပါယ်ရတဲ့မြန်မာစကားဖြစ်ပါ
တယ်...တစ်ချို့က
သက္ကဋဘာသာရိတုမှဆင်းသက်ပြီးရတြု
ဖစ်လာတယ်လို့မိန့်ဆိုကြပါတယ်...
ရိတုဆိုသောသက္ကဋစကား
ဟာအခါရာသီလို့အဓိပ္ပါယ်ရပါတယ်...
။ရတုစပ်နည်းကလဲလင်္ကာစပ်နည်းလိုပါ
ပဲ...(၄.၃.၂)၊(၄.၃.၁.)၊
(၄.၁)နည်းတို့နဲ့ကာရန်ယူရပါတယ်.
..။ဒါပေမယ့်...အပိုဒ်အရေအတွက်ကိ
ုလိုက်ပြီး..ရတုအမျိုးအစား
(၃)မျိုးကွဲသွားပါတယ်...။ဧကပို
ဒ်ရတု...ပိုဒ်စုံရတုနဲ့အဖြည့်ခံ
ရတုတို့ဖြစ်ပါတယ်...။ဧကပိုဒ်ရတု
ဆိုတာ
ကတော့တစ်ပိုဒ်ထဲသာရေးစပ်ထားတဲ့
ရတုကိုခေါ်ပါတယ်...။စပ်နည်းကတော့
လင်္ကာစပ်နည်းအတိုင်း
ဖြစ်ပြီးရတုချရာမှာ“ခိုင်ညွှတ်
ခက်ဖြာချနည်း”လို့ခေါ်တဲ့(၇)လုံး
ချနည်းကိုအသုံးများပါတယ်....။
ကုန်းဘောင်ခေတ်ဦး..စာဆိုလက်ဝဲသု
န္ဒရအမတ်ကြီးရဲ့“အဆိုင်ဆိုင်လျှ
င်”အစချီထားတဲ့မဲဇာသစ်တော
ဖွဲ့ဧကပိုဒ်ရတုကိုလေ့လာကြည့်ပါ.
..အပိုဒ်တစ်ပိုဒ်ထဲနဲ့မဲဇာသစ်ေ
တာရဲ့သဘောသရုပ်ကိုပေါ်လွင်
အောင်ခြုံငုံဖွဲ့ဆိုထားတာကိုတွေ
့နိုင်ပါတယ်...။
အဆိုင်ဆိုင်လျှင်...၊တောမြိုင်
လည်လှည့်...၊ကမ်းလုံးပြည့်မျှ..
.၊
ရှု့ကြည့်လေရာ...၊ကြောက်ဖွယ်သာ
တည့်...၊ပြာပြာလွလွ...၊
မှိုင်းပျပျမှောင်...၊တောနှင့်ေ
တာင်လည်း...၊တိမ်တောမိုးရှိ...၊
ထွေယှက်ငြိမျှ...၊လွမ်းမိစဖွယ်.
..၊ကောင်းကင်လယ်၌...၊
တောင်လယ်တောင်ထိပ်...၊မိုးညိုရိ
ပ်နှင့်...၊တိမ်လိပ်ဆော်ညွှန်း..
.၊
စ၍ထွန်းသည်...၊နေဝန်းပေါ်လွင်ချ
င်ဘိသည်......။
ရတုကိုသုံးပိုဒ်လျှင်ပိုဒ်စုံ
ရတုလို့ခေါ်ပါတယ်...
ထူးခြားတာက..အပိုဒ်တိုင်းမှာအချ
ီကာရန်...အချကာရန်ချင်းညီရပါတယ်
...။ဒီနေရာမှာလဲ...စာဆိုလက်
ဝဲသုန္ဒရအမတ်ကြီးရဲ့“မဲဇာတောင်ြေ
ခ”အစချီထားတဲ့ပိုဒ်စုံရတုကိုပဲ
ဥပမာပြပါ့မယ်...အမတ်ကြီးဟာ
မဲဇာသစ်တောရဲ့သဘောသရုပ်နဲ့မိမိ
ရဲ့ဘဝခံစားချက်ကိုရတုသုံးပိုဒ်
ထဲနဲ့ပေါ်လွင်အောင်ဖွဲ့ဆိုထားတာ
ကိုတွေ့နိုင်ပါတယ်...။ပထမအပိုဒ်
မှာ...“မဲဇာတောင်ခြေ”အစချီပါတယ်
...
ဒုတိယပိုဒ်မှာ...“သဲသာသောင်မြေ”
အစချီပါတယ်...
တတိယပိုဒ်မှာ...“ပွဲခါညောင်ရေ”
အစချီပါတယ်...ရတုကိုအဆုံးသတ်မှာ
အချကာရန်ချင်းတူညီရသည်
ကိုလည်းကြည့်ပါအုံး....
ပထမအပိုဒ်မှာ...“ရွှေပြည်ဋ္ဌာနဝေးေ
သာကြောင့်”လို့ချထားပါတယ်...
ဒုတိယအပိုဒ်မှာ...“လေပြည်လာကအေး
သောကြောင့်”လို့ချထားပါတယ်...
တတိယအပိုဒ်မှာ...“နေခြည်ဖြာမှနေ
ွးသောကြောင့်”လို့ချထားပါတယ်...
.
အဖြည့်ခံရတုဆိုတာကတော့...စာဆို
တစ်ဦးက..အချီညီ၊အချညီတဲ့ရတုနှစ်
ပိုဒ်ထဲကိုသာရေးစပ်ထားတဲ့
ရတုမျိုးဖြစ်ပါတယ်...နောက်နှော
င်းပညာရှိတွေဖြည့်ချင်ရင်ဖြည့်ြ
ကတော့လို့တတိယအပိုဒ်ကိုအဖြည့်ခံ
ရန်..ကွက်လပ်ချန်ခဲ့ခြင်းဖြစ်ပါ
တယ်...စာဆိုအချင်းချင်းဥာဏ်ကစား
ရတဲ့ရတု...စိန်ခေါ်တဲ့ရတုလို့ဆို
နိုင်
ပါတယ်....။
(၁)ညို့ညို့ပြာပြာ...ဆင်ပြင်လျာ
မူ...ပြစ်မှာမစက်...ဆယ်နှစ်သက်
က...ချောညက်ညွှတ်သွယ်...
နတ်နှင့်ဆွယ်၍...ရွယ်လည်းရွယ်ပျ
ို...ညိုလည်းညိုဝင်း...ဖြူရွင်း
ရောရု...နောက်သက်စုကို...
နှိုင်းရှု့ချေမူ...ဖွားပြာဖြူ
သည်...မတူ၏လို့...တူ၏လို့......
။
(၂)မို့မို့အာကာ...မိုးဒေဝါလျှ
င်...ဘယ်ညာတောင်မြောက်...လေပြည်
လျှောက်၍...
ဖြိုးဖြောက်ရိုးရဲ...လျှပ်ပန်ြး
ကဲလျှက်...မစဲညင်းညင်း...ကျူး
တည့်လျှင်း၍...ပဝင်းလည်လို...
လွမ်းစိတ်ဆိုသို့...လေချိုပေါင်
းညီ...ရုံးစုကြည်မှ...မယ့်ဆီပူ
ပူ...သည်မိုးဖြူသည်....
ကလူ၏လို့...မြှူ၏လို့.....။
အထက်ပါရတုကို...စာဆိုတော်နဝဒေး
က..နှစ်ပိုဒ်မျှသာရေးပြီးအဖြည့်
ခံရတုအဖြစ်စီကုန်းဖွဲ့နွဲ့ခဲ့တာ
ပါ
နဝဒေးကွက်လပ်ချန်ခဲ့တဲ့တတိယပို
ဒ်ကို...ရှင်သူရဲကအောက်ပါအတိုင်
း...ဖြည့်စွက်ပြီးစပ်ဆိုခဲ့ပါ
တယ်....
(၃)သို့သို့သာသာ...မယ့်နေရာသို့
...အာကာမှိုင်းဝေ...နေ့တိုင်းေ
စက...သက်ဝေမြစံ...
သူ့ရဲ့ကြောင့်သာ...လွမ်းဗျာပါမူ
...တိမ်းဖြာမကွက်...တိမ်မဲနက်မိ
ု့...တိမ်ခြေညွှန့်နှင့်...
ထပ်ပို့မစဲ...ရွာသွန်းကျဲက...ပု
လဲပမာ...ဆင်းကလျာလျှင်...သစ္စြာ
မဲတူ...တလျှက်ရှု့သည်...
မဖြူ၏လို့...ဖြူ၏လို့.....။
No comments:
Post a Comment